
Watch The Last Manhunt Full Movie
1909 ခုနစ်က အမေရိကန်ဖြစ်ရပ်မှန် လူဖမ်းပွဲအကြောင်းကိုရိုက်ပြထားတာပါ။ Cowboy ကားတွေမှာပါလေ့ရှိတဲ့အတိုင်း ပြည်သူထဲစေတနာ့၀န်ထမ်းတွေကို Sheriff တစ်ယောက်ကဦးစီးပြီး လူဆိုးဖမ်းတဲ့စနစ်ကိုနောက်ဆုံးကျင့်သုံးခဲ့တဲ့အမှုပါ။ Willie Boy ဟာ Native American တစ်ယောက်ဖြစ်ပြီး Carlota ဆိုတဲ့သူ့ချစ်သူကိုခိုးပြေးပါတယ်။ ကောင်မလေးရဲ့ဖခင်ဖြစ်သူ က သဘောမတူဘဲပိတ်ပင်လို့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး Willie Boy ဟာမတော်တဆ သူ့ချစ်သူရဲ့ဖခင်ကိုသတ်လိုက်မိပါတယ်။ ထွက်ပြေးသွားတဲ့Willie Boy တို့စုံတွဲကို လိုက်ဖမ်းဖို့ Sheriff Frank Wilson လည်း လူစုပြီး ခြေရာခံဖို့ကြိုးစားရာကနေ ပြင်ပပယောဂတွေကြောင့် အခြေအနေကပိုရှုပ်ထွေးလာရပါတယ်။ နာမည်ကျော်မင်းသားကြီး Jason Mamoa ကိုယ်တိုင်ပူးတွဲရေးသားပြီး ပါ၀င်သရုပ်ဆောင်ထားပါတယ်။ အရည်အချင်းရှိတဲ့ Native American သရုပ်ဆောင်များစွာလည်း ပါ၀င်ထားတဲ့ Western ကားလေးပါ။