
Watch See All Season
အနာဂတ်ကာလတစ်ခုမှာ လူတွေဟာ အမြင်အာရုံပျောက်ကွယ်သွားကြပါပြီ။ဒီကာလမှာ လူတွေဟာ ရှင်သန်ဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးစားနေရပါတယ်။အယ်ကန်နီ လူမျိုးစုခေါင်းဆောင် ဘာဘာဗော့စ်ဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ကိုကယ်တင်ပြီး လက်ထပ်ခဲ့ပါတယ်။ သူ ကယ်တင်ခဲ့တဲ့ အမျိုးသမီးကနေ မွေးဖွားလာတဲ့ အမွှာကလေးလေးနှစ်ယောက်က ထူးဆန်းစွာပဲ အမြင်အာရုံရှိနေခဲ့ပါတယ်။ကိန်း ဘုရင်မကြီးက အမြင်အာရုံရှိတဲ့လူကို မိစ္ဆာဒိဋ္ဌိလို့သတ်မှတ်ခဲ့ပြီး ကလေးလေးတွေရဲ့နောက်ကိုသူ့ရဲ့စစ်တပ်ကြီးကို လိုက်ခိုင်းတဲ့အခါမှာတော့…..Aquaman မင်းသားကြီး Jasom Momoa က အယ်ကန်နီလူမျိုးစုခေါင်းဆောင်အနေနဲ့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်Apple TV မှာ ထုတ်လွှင့်ပြသနေဆဲပါ